Monday, December 31, 2007

နှစ်သစ် ဆုတောင်း



အားလုံး နှစ်သစ်မှာ ပျော်ရွှင်ကြ ပါစေ။

Saturday, December 29, 2007

Do you know who are you talking to?

ကြားဖူးခဲ့တဲ့ ဟာသလေး တစ်ခုပါ။

တခါတော့ Company ဝန်ထမ်းအသစ် တစ်ယောက်ဟာ ပထမဆုံးနေ့ အလုပ်စဆင်း ပါတယ်။ ရုံးခန်းထဲရောက်ပြီး ခဏနေတော့ သူ့ Supervisor က ဖုန်း Extension နံပါတ်တစ်ခု လာပေးယင်း ပြောပါတယ်။ ‘၁၀နာရီမှာ ဝန်ထမ်းကဒ်ကို HR မှာသွားထုတ်ပါ။ သွားမထုတ်ခင် ကဒ်အဆင်သင့် ဖြစ်မဖြစ် ဒီဖုန်းနံပါတ်ကို ဆက်ပြီးမေးကြည့်ပါ။’

ဝန်ထမ်းအသစ်လည်း ၁၀နာရီ ထိုးခါနီးတော့ သူ့ဝန်ထမ်းကဒ် အတွက် ဖုန်းဆက်ပါတယ်။ သူဟာ အမှတ်တမဲ့နဲ့ ဖုန်း Extension နံပါတ်ကို မှားနှိပ်မိတော့ ဖုန်းဟာ Company Director ရဲ့ ရုံးခန်းထဲ ရောက်သွားပါတယ်။

Director ဟာ ဝန်ထမ်းတစ်ယောက် ဖုန်းမှားဆက်မိမှန်း ရိပ်မိတော့ ဒီလိုမေးပါတယ်။ ‘အခုဘယ်သူ့ကို ဖုန်းပြောနေတယ် ဆိုတာ သိပါသလား။’

ဝန်ထမ်းအသစ်ဟာ ရုတ်တရတ် ဘာပြောရမှန်းမသိ ဖြစ်သွားပါတယ်။ အဲဒီအခါ Director က ‘Company ရဲ့ Director ဖုန်းပြောနေပါတယ်။’ လို့ ဆက်ပြောပါတယ်။ ဝန်ထမ်းသစ်ဟာ သူ Director ကိုဖုန်းမှားဆက်မိမှန်း သိသွားပြီး စိုးရိမ်သွားပါတယ်။ နောက်ခပ်တည်တည်နဲ့ သူကလည်း Director မေးတဲ့အတိုင်း ပြန်မေးလိုက်ပါတယ်။

‘အခုဘယ်သူ့ကို ဖုန်းပြောနေတယ် ဆိုတာကော သိပါသလား။’ Director က မသိကြောင်း ဖြေပါတယ်။ အဲဒီအခါ ဝန်ထမ်းအသစ်က ဒီလိုပြောပြီး ဖုန်းချလိုက်ပါတယ်။

‘ကောင်းပြီ’

Motivational Messages

စိတ်ဓာတ်ခွန်အား ဖြစ်စေတဲ့စာစုလေးတွေပါ။
ရုံးမှာ Training တခုတက်ရတော့ Trainer က အဲဒီစာစုလေးတွေပါတဲ့ စာရွက်တွေဝေပေးပါတယ်။ နောက်အဲဒီထဲက ဘယ်အချက်ကို အကြိုက်ဆုံးဆိုတာနဲ့ ဘာကြောင့်ကြိုက်တယ်ဆိုတာကို တယောက်စီဆွေးနွေးစေပါတယ်။

(1) နှင်းဆီပန်းမှာဆူးတွေနဲ့လို့ တချို့လူတွေက ပြစ်တင်ဝေဖန်ကြတယ်။ တချို့ကတော့ဒီလိုဆူးတွေကြားက နှင်းဆီပန်းတွေပွင့်နိုင်ကြတယ်ဆိုပြီး ချီးကျူးကြတယ်။

(2) သူတပါးရဲ့လိုအပ်ချက်တွေကိုကူညီယင်းနဲ့ ကိုယ့်ဘဝရဲ့လိုအပ်ချက်တွေလည်း ရရှိလာတယ်။

(3) စကြာဝဠာနိယာမပါပဲ။ ရိတ်သိမ်းချင်ရင် စိုက်ပျိုးရမယ်။ ပေးဆပ်ခြင်းဖြင့်ရရှိမယ်။

(4) ကိုယ်ကိုယ်တိုင်မှအလင်းရောင်မရှိပဲ သူတပါးကိုလမ်းမပြနိုင်ဘူး။

(5) ကြီးကြယ်တဲ့အခက်အခဲတွေကို ဥာဏ်သုံးဖြေရှင်းယင်းနဲ့ ကြီးမြတ်တဲ့အခွင့်အရေးတွေနဲ့ ကြုံရမယ်။

(6) အဖြစ်အပျက်တွေက ကိုယ့်ရဲ့အပြုအမူတွေကို မပြောင်းလဲနိုင်ပါဘူး။ ဒီအဖြစ်အပျက်တွေကို ကိုယ်ဘယ်လိုတုံ့ပြန်သလဲဆိုတာပေါ်ပဲ မူတည်ပါတယ်။

(7) နည်းနည်းလေးပိုကြိုးစားလိုက်ပါ။ သာမန်ကနေ သာမန်ထက်သာလွန်တဲ့သူဖြစ်လာမယ်။

(8) ဘဝမှာလေပြင်းမုန်တိုင်းတွေတိုက်ခတ်လာတဲ့အခါ၊ အခြေအနေအရ ကိုယ့်ရဲ့အောင်မြင်မှုပန်းတိုင်ဆီ သွားမဲ့လမ်းကြောင်းကို သင့်တော်သလိုပြောင်းလဲပါ။ အောင်မြင်မှုပန်းတိုင်ဆီ ရောက်အောင်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြောင်းပစ်ရမှာမဟုတ်ဘူး။

Monday, December 24, 2007

Greetings

အားလုံး ပျော်ရွှင်သော X’mas, ပျော်ရွှင်သော နှစ်သစ် ဖြစ်ကြပါစေ။


Thursday, December 20, 2007

Dhamma

ရန်ကုန်မှာတုန်းက ငါးထပ်ကြီးဘုရားလမ်းက ဓမ္မဇောတိရိပ်သာမှာ ၁၀၇က်တ၇ားစခန်း ၀င်ဖူးပါတယ်။ အဲဒီမှာ Sundayမနက်တိုင်း ယောဂီဟောင်းတွေ စုပေါင်းတရားထိုင်တဲ့ Group Sitting ရှိတယ်။ တခါတရံ သွားထိုင်ဖြစ်ပါတယ်။
ဒီရောက်ပြီး ၂နှစ်လောက်ကြာမှ ဒီမှာလဲ ၁၀ရက်စခန်းတွေ ရှိတတ်တယ်ဆိုတာရယ်၊ Sunday Group Sitting ထိုင်လို.ရတယ်ဆိုတာရယ် information ရပါတယ်။
ရုံးကအစ်မတစ်ယောက်နဲ. အမှတ်တမဲ့စကားစပ်မိယင်းသိရတော့ ဝမ်းသာပြီး သတင်းပေးတဲ့ အစ်မကိုလဲ ကျေးဇူးတင်မိတယ်။
ကျွန်မလို Group Sitting ထိုင်လိုပေမဲ့ နေရာမသိတဲ့ ဆရာကြီးဦးဂိုအင်ကာရဲ့ ယောဂီဟောင်းတွေအတွက် လိပ်စာ ဖော်ပြလိုက်ပါတယ်။

Vipassana International Center (Singapore)
Block 10, Ubi Crescent, #04-70, Lobby D,
Ubi Techpark, Singapore 408564.
Ph: (65) 9011 9432
Fax: (65) 6749 1228
Website: www.sg.dhamma.org

FYI: ၁၀ရက်တရားစခန်း ဝင်လိုတဲ့ ယောဂီသစ်၊ ယောဂီဟောင်း တွေအနေနဲ. တရားပတ် အချိန်ဇယားကို ဒီwebsiteမှာ ကြည့်နိုင်ပါတယ်။

http://www.dhamma.org/

May all beings be happy.