Wednesday, December 31, 2008

Happy New Year 2009!

အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။
ဒီပုံလေးကတော့ ရုံးက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက် Email နဲ့ ပို့ပေးတဲ့ ပုံလေးပါ။


Happy New Year 2009 to you all!
Zincho

Saturday, December 27, 2008

Sumo House

ကျွန်မတို့နှစ်ယောက် မကြာခဏ စားဖြစ်တဲ့ ဂျပန်စာ ဆိုင်ကလေး အကြောင်း ရေးချင်ပါတယ်။ Sumo House ပါ။ များသောအားဖြင့် ဂျပန်ဆိုင်တွေ ဈေးကြီးတတ်ပေမဲ့ ဒီဆိုင်က ဈေးသက်သာတယ်။ စားလို့လဲ ကောင်းပါတယ်။

ဂျပန်စာကို Set meal ဒါမှမဟုတ် ဒီတိုင်းအလွတ် ၀ယ်စားလို့ ရတယ်။ Set meal ဆိုရင် S$2.90 ကနေ စရှိပါတယ်။ Menu ကို ဒီမှာ ကြည့်ပါ။ Green tea (အပူ) ကို free flow သောက်လို့ရပါတယ်။ ကျွန်မက များသောအားဖြင့် Saba Teriyaki (သို့) chicken Teriyaki စားလေ့ရှိတယ်။

သွားစားရင်း ရိုက်လာခဲ့တဲ့ ပုံ (chicken Teriyaki)

Sumo House ကို စစားဖူးတာ Bedok မှာပါ။ ရုံးက လုပ်ဖော်ကိုင်ဖက် တွေ သွားစားတော့ လိုက်စားဖြစ်ရင်း သိတာ။ နောက် အဲဒီ Bedok ဆိုင် အဆောက်အဦးက ဖျက်လိုက်တော့ ဆိုင်လဲ မရှိတော့ဘူး။ အဲဒါနဲ့ ဈေးသက်သာတဲ့ Japan အစားအစာလေး မစားရတော့ လေခြင်း လို့ တွေးနေတုန်း Clementi မှာ Sumo House ကြော်ငြာ ထားတာတွေ့တယ်။ သွားစားတော့ Bedok မှာတုန်းက တချို့ဝန်ထမ်းတွေ ကို တွေ့တယ်။ ဒီကို ပြောင်းဖွင့်တဲ့ သဘော ထင်တာပဲ။

ကျွန်မတို့နှစ်ယောက် က မကြာခဏ သွားစားဖြစ်တော့ တခါတလေ မှာစားတာအပြင် ဆိုင်က လက်ဆောင် ကျွေးတာဆိုပြီး Sakona fried ဒါမှမဟုတ် Sushi လေးတွေ လာချပေးတတ်တယ်။

လက်ဆောင် ကျွေးတဲ့ Sushi

ပထမဆုံး အကြိမ် အဲလို လာချပေးတော့ မှားချတယ် ထင်တာပေါ့။ “မှာမထား ပါဘူး” ဆိုပြီး ငြင်းတာ။ နောက်မှ ရှင်းပြလို့ သိသွားတယ်။

Google ကနေ ရှာကြည့်တော့ Ang Mo Kio Central မှာလဲ outlet တခု ရှိတာတွေ့ ပါတယ်။
စားဖြစ်တဲ့ ဆိုင်ကလေး အကြောင်း အမှတ်တရ ပါ။

Wednesday, December 24, 2008

Happy birthday!


24 Dec 2008

ကိုကို့အတွက် ပျေုာ်ရွှင်ဖွယ် ကောင်းသော မွေးနေ့ဖြစ်ပါစေ။
ကျွန်မ အတွက်လည်း ပျေုာ်ရွှင်ဖွယ် ကောင်းသော မွေးနေ့ဖြစ်ပါစေ။

နောင်နှစ်ပေါင်း များစွာ တိုင်အောင် ပျေုာ်ရွှင်ဖွယ် မွေးနေ့ရက် များစွာကို နှစ်ယောက်အတူ ဖြတ်ကျော်နိုင်ပါစေ။

ဘ၀ရဲ့ အနိမ့်အမြင့်၊ အဆိုးအကောင်း အခြေအနေတွေ တိုင်း မှာလည်း နှစ်ယောက်အတူ တည်ငြိမ်အေးချမ်းစွာ ရင်ဆိုင် ကျော်လွှား နိုင်ပါစေ။

ကျွန်မတို့ နှစ်ယောက်ကို မွေးနေ့ရက် အတူတူမှာ မွေးဖွားပေးခဲ့တဲ့ မေမေ နှစ်ယောက်လုံးကို လည်း အထူးပဲ ကျေးဇူးတင်မိ ပါတယ်။

Monday, December 8, 2008

Household Tips

အိမ်ကို ရေဖိုး၊ မီးဖိုး ဘီလ် (PUB bill) လာတဲ့အခါ တခါတလေ e!Chat ဆိုတဲ့ newsletter လေးတွေ ပါလာတတ် တယ်။
အဲဒီထဲမှာ Household Tips ဆိုတဲ့ ကဏ္ဍလေးကို စိတ်ဝင်စား မိတယ်။
Household Tips ဆိုတဲ့အတိုင်း အိမ်သူ အိမ်သား အားလုံး လိုရင်သုံးလို့ရတဲ့ tips လေးတွေပေါ့။

ကိတ်မုန့်ကို တိတိကျကျ အပိုင်းလေးတွေ ဖြစ်အောင် လှီးချင်တဲ့ အခါ ကိတ်မုန့် လှီးခါနီး ဓားသွားကို မီးနဲနဲ အရင် ကင်လိုက်ပါတဲ့။

တခါတလေ ဖယောင်းစက်တွေ ကြမ်းပြင်ပေါ်၊ ဒါမှမဟုတ် ခုံ၊ စားပွဲ တခုခုပေါ် ကျသွား ဖူးပါသလား။
Hair dryer နဲ့ မှုတ်ပြီး ဖယောင်းစက်တွေ ပျော်အောင် အရင်လုပ်ပါတဲ့။ ပြီးမှ ခြောက်သွေ့တဲ့ အ၀တ်စ တစ်ခုနဲ့ သုတ်လိုက်ရင် ခြစ်ရာတွေ မထင်ပဲ ဖယောင်းစက်တွေ ဖယ်ပြီးသားလဲ ဖြစ်မယ်။ ပြောင်လက်တဲ့ မျက်နှာပြင်လေး တောင် ရမယ်တဲ့။

နောက်တခုက သွားတိုက်တံကို ကြာကြာအသုံးခံအောင် လုပ်နည်း။
သွားတိုက်တံ ကို ပထမဆုံး အကြိမ် မသုံးခင် ဆားရေစိမ် ပေးရမယ်ဆိုပဲ။ (သွားတိုက်တံ အသစ်ထုတ်ခါနီး သုံးကြည့်ဦးမှ)

နောက်တခုက ရေခဲသေတ္တာထဲမှာ ဒူးရင်းသီးနံ့တွေ စွဲနေရင် အနံ့ပျောက်အောင် လုပ်နည်း။
အာလူးတလုံးကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါတဲ့။ အံ့သြစရာ ကောင်းလောက်အောင် ဒူးရင်းသီးနံ့တွေ ပျောက်သွားမယ်တဲ့။ (တခါ ဒူးရင်းသီးဝယ်ပြီး ရေခဲသေတ္တာထဲထည့် ထားမိတာ တော်တော်ကြာတဲ့အထိ အနံ့တွေ စွဲနေဘူးတယ်၊ ဒီ အာလူးနည်းက အနံ့တွေ တကယ်စင်အောင် လုပ်ပေးနိုင်ရင်တော့ မဆိုးဘူး။)

ဒီနည်းလေးတွေက ပေးပို့ထားတဲ့ သူတွေဆီက ရွေးချယ် ဖော်ပြထားတာပါ။ မူရင်း ပေးပို့သူ အမည်တွေ ကိုလည်း ဖော်ပြထား ပါတယ်။

ကိုယ့်မှာ ဒီလို နည်းကောင်းလေးတွေ ရှိရင်လဲ စာတိုက်၊ email (သို့) fax သုံးပြီး ဒီ e!Chat စာစောင် အတွက် ပို့ပေးလို့ ရပါတယ် တဲ့။ ကိုယ်ပို့ပေးတဲ့ နည်းလမ်းလေး အရွေးခံရရင် Scotch Brite အိမ်သာဆေး တဲ့ brush လေး လက်ဆောင် ပေးမယ်လို့ ဆိုပါတယ်။

Friday, December 5, 2008

ချစ်သော ဒီဇင်ဘာ

ဒီဇင်ဘာလ ဟာ ကျွန်မ အတွက် ထူးခြားတဲ့ လတစ်လပါ။ ချစ်သော ဖေဖေ၊ မေမေ တို့ရဲ့ မွေးနေ့ အပြင် ကျွန်မ မွေးနေ့၊ ချစ်သော ကိုကိုရဲ့ မွေးနေ့တွေက ဒီဇင်ဘာလ ထဲမှာပါ။ အားလုံးအတွက် Happy Birthday လို့ ဆုတောင်း လိုက်ပါတယ်။
အိမ်ကို ဖုန်းဆက်တော့ မြန်မာပြည်မှာ ညပိုင်းတွေဆို နဲနဲ အအေးပို နေပြီတဲ့။ ဒီမှာတော့ ဆောင်းရဲ့ အငွေ့အသက် ကို ထူးထူးခြားခြား မခံစားရ ပါဘူး။ ညဖက် မိုးရွာရင် နဲနဲအေးတယ်၊ အဲလောက် ပါပဲ။ တခါတလေ ဥသြတွန်သံ တောင် ကြားလိုကြားရ နဲ့။
ကျွန်မ တို့ငယ်ငယ် တုန်း က ခြံထဲမှာ ဆောင်တော်ကူး ပန်းပင်ရှိတယ်။ ၀င်းထရံ နားက သရက်ပင်ကို နွယ်တက် နေတာ။ ဆောင်းတွင်းဆို အဖြူရောင် အဆုပ်လိုက် ၊အဆုပ်လိုက် ပွင့်တာကို သတိရမိတယ်။ အနံ့ကလဲ တအားမွှေးတာ။ အခုတော့ အဲဒီ သရက်ပင်ရော၊ ဆောင်တော်ကူးပင်ပါ မရှိတော့ ပါဘူး။ ကျွန်မ ကိုယ်တိုင်လဲ အိမ်ရဲ့ အဝေးတနေရာ၊ နေရာသစ် တခုကို ရောက်လို့။
အတန်းကျောင်း တက်တုန်း က ဒီဇင်ဘာလ ဆိုရင် ဒုတိယအစမ်း ဖြေပြီး ကျောင်းပိတ်တတ်တာကို သတိရ တယ်။
ကျွန်မ မှာ သူငယ်တန်း ကတည်းက ခင်မင်ရတဲ့ သူငယ်ချင်း တယောက်ရှိတယ်။ သူမရဲ့ မွေးနေ့ ကလဲ ဒီဇင်ဘာလ မှာပဲ။ အတန်းကျောင်း မှာတုန်းက သူငယ်ချင်း က သူ့ မွေးနေ့ ဆိုရင် လက်ဆောင် အထုပ်လေးတွေ တတန်းလုံး ကို ဝေပေးလေ့ ရှိတယ်။ စားစရာလေးတွေ၊ ဘီးကုပ်လေးတွေ စသဖြင့် ပါတတ်တယ်။ ကျွန်မက သူ့ သူငယ်ချင်း ဆိုတော့ ဘီးကုပ် တို့၊ ဘာတို့ ဆို ကြိုက်တဲ့ အရောင်လဲ ရွေးခွင့် ရတတ်သေးတယ်။ ပလတ်စတစ် အိတ်လေးတွေနဲ့ ဆိုတော့၊ အပြင်က မြင်ရတတ်တာကိုး။ သူက အခု ဆရာဝန်မကြီး ဖြစ်နေပြီ။ ကျွန်မ နဲ့ ခင်မင်ဆဲ ပါပဲ။
စက๎ာပူ မှာတော့ ဒီဇင်ဘာ ဆိုရင် ရုံးပိတ်ရက် နဲနဲ ရှိတယ်။ ပစ္စည်းတွေ discount ချ ရောင်းတာမျိုးတွေ ကြုံရတတ်တယ်။ ‘Merry X’mas’, ‘Happy New Year’ ဆိုတဲ့ forward email လေးတွေ၊ forward sms လေးတွေ ရတတ်တယ်။ X’mas အပြီး ဒီဇင်ဘာ လကုန်ပိုင်း ဆိုရင် Watson က အရုပ်တွေကို ဈေးချရောင်း တာမျိုးလဲ တွေ့ဘူးတယ်။
စက๎ာပူ ရောက်ပြီးမှ တနှစ် ၊တနှစ် က သိပ်မြန်သလို ခံစားရတယ်။ အခုဆိုရင်ဘဲ ၂၀၀၈ ခုနှစ် ရဲ့ ဒီဇင်ဘာလ ကို ရောက်ခဲ့ ပြန်ပြီ။