Wednesday, December 31, 2008

Happy New Year 2009!

အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။
ဒီပုံလေးကတော့ ရုံးက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက် Email နဲ့ ပို့ပေးတဲ့ ပုံလေးပါ။


Happy New Year 2009 to you all!
Zincho

Saturday, December 27, 2008

Sumo House

ကျွန်မတို့နှစ်ယောက် မကြာခဏ စားဖြစ်တဲ့ ဂျပန်စာ ဆိုင်ကလေး အကြောင်း ရေးချင်ပါတယ်။ Sumo House ပါ။ များသောအားဖြင့် ဂျပန်ဆိုင်တွေ ဈေးကြီးတတ်ပေမဲ့ ဒီဆိုင်က ဈေးသက်သာတယ်။ စားလို့လဲ ကောင်းပါတယ်။

ဂျပန်စာကို Set meal ဒါမှမဟုတ် ဒီတိုင်းအလွတ် ၀ယ်စားလို့ ရတယ်။ Set meal ဆိုရင် S$2.90 ကနေ စရှိပါတယ်။ Menu ကို ဒီမှာ ကြည့်ပါ။ Green tea (အပူ) ကို free flow သောက်လို့ရပါတယ်။ ကျွန်မက များသောအားဖြင့် Saba Teriyaki (သို့) chicken Teriyaki စားလေ့ရှိတယ်။

သွားစားရင်း ရိုက်လာခဲ့တဲ့ ပုံ (chicken Teriyaki)

Sumo House ကို စစားဖူးတာ Bedok မှာပါ။ ရုံးက လုပ်ဖော်ကိုင်ဖက် တွေ သွားစားတော့ လိုက်စားဖြစ်ရင်း သိတာ။ နောက် အဲဒီ Bedok ဆိုင် အဆောက်အဦးက ဖျက်လိုက်တော့ ဆိုင်လဲ မရှိတော့ဘူး။ အဲဒါနဲ့ ဈေးသက်သာတဲ့ Japan အစားအစာလေး မစားရတော့ လေခြင်း လို့ တွေးနေတုန်း Clementi မှာ Sumo House ကြော်ငြာ ထားတာတွေ့တယ်။ သွားစားတော့ Bedok မှာတုန်းက တချို့ဝန်ထမ်းတွေ ကို တွေ့တယ်။ ဒီကို ပြောင်းဖွင့်တဲ့ သဘော ထင်တာပဲ။

ကျွန်မတို့နှစ်ယောက် က မကြာခဏ သွားစားဖြစ်တော့ တခါတလေ မှာစားတာအပြင် ဆိုင်က လက်ဆောင် ကျွေးတာဆိုပြီး Sakona fried ဒါမှမဟုတ် Sushi လေးတွေ လာချပေးတတ်တယ်။

လက်ဆောင် ကျွေးတဲ့ Sushi

ပထမဆုံး အကြိမ် အဲလို လာချပေးတော့ မှားချတယ် ထင်တာပေါ့။ “မှာမထား ပါဘူး” ဆိုပြီး ငြင်းတာ။ နောက်မှ ရှင်းပြလို့ သိသွားတယ်။

Google ကနေ ရှာကြည့်တော့ Ang Mo Kio Central မှာလဲ outlet တခု ရှိတာတွေ့ ပါတယ်။
စားဖြစ်တဲ့ ဆိုင်ကလေး အကြောင်း အမှတ်တရ ပါ။

Wednesday, December 24, 2008

Happy birthday!


24 Dec 2008

ကိုကို့အတွက် ပျေုာ်ရွှင်ဖွယ် ကောင်းသော မွေးနေ့ဖြစ်ပါစေ။
ကျွန်မ အတွက်လည်း ပျေုာ်ရွှင်ဖွယ် ကောင်းသော မွေးနေ့ဖြစ်ပါစေ။

နောင်နှစ်ပေါင်း များစွာ တိုင်အောင် ပျေုာ်ရွှင်ဖွယ် မွေးနေ့ရက် များစွာကို နှစ်ယောက်အတူ ဖြတ်ကျော်နိုင်ပါစေ။

ဘ၀ရဲ့ အနိမ့်အမြင့်၊ အဆိုးအကောင်း အခြေအနေတွေ တိုင်း မှာလည်း နှစ်ယောက်အတူ တည်ငြိမ်အေးချမ်းစွာ ရင်ဆိုင် ကျော်လွှား နိုင်ပါစေ။

ကျွန်မတို့ နှစ်ယောက်ကို မွေးနေ့ရက် အတူတူမှာ မွေးဖွားပေးခဲ့တဲ့ မေမေ နှစ်ယောက်လုံးကို လည်း အထူးပဲ ကျေးဇူးတင်မိ ပါတယ်။

Monday, December 8, 2008

Household Tips

အိမ်ကို ရေဖိုး၊ မီးဖိုး ဘီလ် (PUB bill) လာတဲ့အခါ တခါတလေ e!Chat ဆိုတဲ့ newsletter လေးတွေ ပါလာတတ် တယ်။
အဲဒီထဲမှာ Household Tips ဆိုတဲ့ ကဏ္ဍလေးကို စိတ်ဝင်စား မိတယ်။
Household Tips ဆိုတဲ့အတိုင်း အိမ်သူ အိမ်သား အားလုံး လိုရင်သုံးလို့ရတဲ့ tips လေးတွေပေါ့။

ကိတ်မုန့်ကို တိတိကျကျ အပိုင်းလေးတွေ ဖြစ်အောင် လှီးချင်တဲ့ အခါ ကိတ်မုန့် လှီးခါနီး ဓားသွားကို မီးနဲနဲ အရင် ကင်လိုက်ပါတဲ့။

တခါတလေ ဖယောင်းစက်တွေ ကြမ်းပြင်ပေါ်၊ ဒါမှမဟုတ် ခုံ၊ စားပွဲ တခုခုပေါ် ကျသွား ဖူးပါသလား။
Hair dryer နဲ့ မှုတ်ပြီး ဖယောင်းစက်တွေ ပျော်အောင် အရင်လုပ်ပါတဲ့။ ပြီးမှ ခြောက်သွေ့တဲ့ အ၀တ်စ တစ်ခုနဲ့ သုတ်လိုက်ရင် ခြစ်ရာတွေ မထင်ပဲ ဖယောင်းစက်တွေ ဖယ်ပြီးသားလဲ ဖြစ်မယ်။ ပြောင်လက်တဲ့ မျက်နှာပြင်လေး တောင် ရမယ်တဲ့။

နောက်တခုက သွားတိုက်တံကို ကြာကြာအသုံးခံအောင် လုပ်နည်း။
သွားတိုက်တံ ကို ပထမဆုံး အကြိမ် မသုံးခင် ဆားရေစိမ် ပေးရမယ်ဆိုပဲ။ (သွားတိုက်တံ အသစ်ထုတ်ခါနီး သုံးကြည့်ဦးမှ)

နောက်တခုက ရေခဲသေတ္တာထဲမှာ ဒူးရင်းသီးနံ့တွေ စွဲနေရင် အနံ့ပျောက်အောင် လုပ်နည်း။
အာလူးတလုံးကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါတဲ့။ အံ့သြစရာ ကောင်းလောက်အောင် ဒူးရင်းသီးနံ့တွေ ပျောက်သွားမယ်တဲ့။ (တခါ ဒူးရင်းသီးဝယ်ပြီး ရေခဲသေတ္တာထဲထည့် ထားမိတာ တော်တော်ကြာတဲ့အထိ အနံ့တွေ စွဲနေဘူးတယ်၊ ဒီ အာလူးနည်းက အနံ့တွေ တကယ်စင်အောင် လုပ်ပေးနိုင်ရင်တော့ မဆိုးဘူး။)

ဒီနည်းလေးတွေက ပေးပို့ထားတဲ့ သူတွေဆီက ရွေးချယ် ဖော်ပြထားတာပါ။ မူရင်း ပေးပို့သူ အမည်တွေ ကိုလည်း ဖော်ပြထား ပါတယ်။

ကိုယ့်မှာ ဒီလို နည်းကောင်းလေးတွေ ရှိရင်လဲ စာတိုက်၊ email (သို့) fax သုံးပြီး ဒီ e!Chat စာစောင် အတွက် ပို့ပေးလို့ ရပါတယ် တဲ့။ ကိုယ်ပို့ပေးတဲ့ နည်းလမ်းလေး အရွေးခံရရင် Scotch Brite အိမ်သာဆေး တဲ့ brush လေး လက်ဆောင် ပေးမယ်လို့ ဆိုပါတယ်။

Friday, December 5, 2008

ချစ်သော ဒီဇင်ဘာ

ဒီဇင်ဘာလ ဟာ ကျွန်မ အတွက် ထူးခြားတဲ့ လတစ်လပါ။ ချစ်သော ဖေဖေ၊ မေမေ တို့ရဲ့ မွေးနေ့ အပြင် ကျွန်မ မွေးနေ့၊ ချစ်သော ကိုကိုရဲ့ မွေးနေ့တွေက ဒီဇင်ဘာလ ထဲမှာပါ။ အားလုံးအတွက် Happy Birthday လို့ ဆုတောင်း လိုက်ပါတယ်။
အိမ်ကို ဖုန်းဆက်တော့ မြန်မာပြည်မှာ ညပိုင်းတွေဆို နဲနဲ အအေးပို နေပြီတဲ့။ ဒီမှာတော့ ဆောင်းရဲ့ အငွေ့အသက် ကို ထူးထူးခြားခြား မခံစားရ ပါဘူး။ ညဖက် မိုးရွာရင် နဲနဲအေးတယ်၊ အဲလောက် ပါပဲ။ တခါတလေ ဥသြတွန်သံ တောင် ကြားလိုကြားရ နဲ့။
ကျွန်မ တို့ငယ်ငယ် တုန်း က ခြံထဲမှာ ဆောင်တော်ကူး ပန်းပင်ရှိတယ်။ ၀င်းထရံ နားက သရက်ပင်ကို နွယ်တက် နေတာ။ ဆောင်းတွင်းဆို အဖြူရောင် အဆုပ်လိုက် ၊အဆုပ်လိုက် ပွင့်တာကို သတိရမိတယ်။ အနံ့ကလဲ တအားမွှေးတာ။ အခုတော့ အဲဒီ သရက်ပင်ရော၊ ဆောင်တော်ကူးပင်ပါ မရှိတော့ ပါဘူး။ ကျွန်မ ကိုယ်တိုင်လဲ အိမ်ရဲ့ အဝေးတနေရာ၊ နေရာသစ် တခုကို ရောက်လို့။
အတန်းကျောင်း တက်တုန်း က ဒီဇင်ဘာလ ဆိုရင် ဒုတိယအစမ်း ဖြေပြီး ကျောင်းပိတ်တတ်တာကို သတိရ တယ်။
ကျွန်မ မှာ သူငယ်တန်း ကတည်းက ခင်မင်ရတဲ့ သူငယ်ချင်း တယောက်ရှိတယ်။ သူမရဲ့ မွေးနေ့ ကလဲ ဒီဇင်ဘာလ မှာပဲ။ အတန်းကျောင်း မှာတုန်းက သူငယ်ချင်း က သူ့ မွေးနေ့ ဆိုရင် လက်ဆောင် အထုပ်လေးတွေ တတန်းလုံး ကို ဝေပေးလေ့ ရှိတယ်။ စားစရာလေးတွေ၊ ဘီးကုပ်လေးတွေ စသဖြင့် ပါတတ်တယ်။ ကျွန်မက သူ့ သူငယ်ချင်း ဆိုတော့ ဘီးကုပ် တို့၊ ဘာတို့ ဆို ကြိုက်တဲ့ အရောင်လဲ ရွေးခွင့် ရတတ်သေးတယ်။ ပလတ်စတစ် အိတ်လေးတွေနဲ့ ဆိုတော့၊ အပြင်က မြင်ရတတ်တာကိုး။ သူက အခု ဆရာဝန်မကြီး ဖြစ်နေပြီ။ ကျွန်မ နဲ့ ခင်မင်ဆဲ ပါပဲ။
စက๎ာပူ မှာတော့ ဒီဇင်ဘာ ဆိုရင် ရုံးပိတ်ရက် နဲနဲ ရှိတယ်။ ပစ္စည်းတွေ discount ချ ရောင်းတာမျိုးတွေ ကြုံရတတ်တယ်။ ‘Merry X’mas’, ‘Happy New Year’ ဆိုတဲ့ forward email လေးတွေ၊ forward sms လေးတွေ ရတတ်တယ်။ X’mas အပြီး ဒီဇင်ဘာ လကုန်ပိုင်း ဆိုရင် Watson က အရုပ်တွေကို ဈေးချရောင်း တာမျိုးလဲ တွေ့ဘူးတယ်။
စက๎ာပူ ရောက်ပြီးမှ တနှစ် ၊တနှစ် က သိပ်မြန်သလို ခံစားရတယ်။ အခုဆိုရင်ဘဲ ၂၀၀၈ ခုနှစ် ရဲ့ ဒီဇင်ဘာလ ကို ရောက်ခဲ့ ပြန်ပြီ။

Friday, November 28, 2008

Singapore Flyer အမှတ်တရ

ဒီနေ့က ရုံးရဲ့ Staff Day. ရုံးတက်စရာ မလိုပဲ Singapore Flyer နားမှာ Staff Day Event လုပ်ပါတယ်။ Singapore Flyer စီး၊ ကျွေးတာတွေစား၊ ပြတဲ့Performance တွေကြည့်ပေါ့။ တရုံးလုံး အနေနဲ့ လုပ်တာဆိုတော့ လူပေါင်း 1000 ကျော် ၀န်းကျင်လောက် ရှိတယ်။

Singapore Flyer စီးရတာတော့ ကျွန်မ အတွက် အမှတ်တရ တခုပါပဲ။ ခပ်ဖြည်းဖြည်းပဲ လည်တာဆိုတော့ ရှုခင်းတွေကို အေးအေးဆေးဆေး ကြည့် လို့ ရပါတယ်။

ဒီပုံကတော့ Flyer အနီး အောက်ကနေ ရိုက်ထားတာပါ။

တဖြေးဖြေး မြင့်လာတော့ မြင်ကွင်းပိုကျယ် လာပါတယ်။

Event လုပ်တဲ့နေရာကို လှမ်း ရိုက်ထားတာပါ။

အပေါ်က Cells တချို့ကို အခုလို လှမ်းမြင်ရပါတယ်။

အမြင့်ပိုင်းတနေရာကို ရောက်တဲ့အချိန် ပါ။

Singapore ကို အပေါ်စီးကနေ ဒီလို ကြည့်လိုက်တယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့က ကျွန်မ ဒီရုံးကို Join တာ ၃နှစ် တိတိ ပြည့်တဲ့နေ့ပါ။ ဒါလဲ အမှတ်တရ တခုပါပဲ။

Saturday, October 25, 2008

P.R.E.P method . . . .

ရုံးမှာ Presentation နဲ့ပတ်သတ်ပြီး training တစ်ခု တက်ခွင့်ရပါတယ်။ အဲဒီမှာ မေးခွန်း ဖြေနည်းလေးလဲ သင်ရတယ်။ ကိုယ်ရဲ့ presentation အပြီး audience တွေ မေးလာမဲ့ မေးခွန်းတွေ ကို ဖြေဖို့ ဆိုပါတော့။
မေးခွန်း တစ်ခုကို ဖြေဖို့ အဆင့်လေးဆင့် လိုပါတယ်တဲ့။
(၁) Position (ကိုယ်ဘယ်နေရာက ရပ်တည်တယ်၊ သဘောတူတယ်၊ မတူဘူး စသည်ဖြင့်)
(၂) Rationale (ဘာကြောင့်လဲ ဆိုတော့)
(၃) Example/Explanation (ဥပမာ အနေနဲ့ ပြောရရင်)
(၄) Position (ဒါကြောင့် ကိုယ့်အဖြေက နံပါတ်တစ်က အဖြေပါ။)

သင်တန်း သားတွေ အားလုံးပဲ မေးခွန်းတစ်ခုစီကို အဲလို ပုံစံလေးနဲ့ ဖြေကြည့် ရတယ်။
(တစ်ယောက် မေးခွန်း တစ်ခုစီရေး၊ အားလုံးပေါင်းပြီး တစ်ခုစီ မဲပြန်နှိုက်၊ ကိုယ်ကျတဲ့ အဖြေကို ဖြေရတာပါ။

မေးခွန်း : လက်ရှိလစာ ကို ကျေနပ် ပါသလား။
အဖြေ :
(၁) Position - မကျေနပ် ပါဘူး၊
(၂) Rationale - အခုအချိန်မှာ အစစ အရာရာ ဈေးတက်နေ ပါတယ်၊
(၃) Example - ဥပမာ အားဖြင့် fuel ဈေးကိုပဲ ကြည့်ပါ၊ သူတက်တော့ transportation fee တွေ တက်တယ်။ ကျွန်တော်ဆို Johor ကနေ နေ့တိုင်း အလုပ်လာဆင်းရတော့ ခရီးစရိတ်က သိပ်သိသာတယ်။
(၄) Position - ဒါကြောင့် လက်ရှိလစာ ကို မကျေနပ် ဘူးလို့ ပြောတာပါ။

အဲဒီ မေးခွန်း ကိုပဲ Yes ဘက်ကနေ ဖြေလို့လဲ ရပါတယ်။

မေးခွန်း : လက်ရှိလစာ ကို ကျေနပ် ပါသလား။
အဖြေ :
(၁) Position - ကျေနပ် ပါတယ်၊
(၂) Rationale - အခုအချိန်မှာ permanent အလုပ်တစ်ခုရဖို့ မလွယ်ပါဘူး၊
(၃) Example - ဥပမာ- တစ်ချို့ company တွေကို ကြည့်ပါ၊ S’pore ကနေ China, M’sia တို့ဘက် ကို ရွှေ့ပြောင်းနေကြ ပါတယ်။ အလုပ်သမားခ ပေးရတာ ပိုသက်သာ တာကိုး။ ဒီအချိန်မှာ ဒီလစာနဲ့၊ ဒီအလုပ်မျိုး လုပ်နေရတာ ကံကောင်းတယ်လို့ ပြောရမှာ။
(၄) Position - ဒါကြောင့် လက်ရှိလစာ ကို ကျေနပ် တယ်လို့ ပြောတာပါ။

ကိုယ့်အဖြေက Yes ဖြစ်စေ၊ No ဖြစ်စေ ဖြေနည်းကို focus လုပ်ပြီး သင်ပေးသွား တာပါ။ ကျွန်မတော့ တော်တော်လေး စိတ်ဝင်စားပြီး သဘောကျမိ ပါတယ်။
(သင်ခဲ့ရတာကို နားလည်မိသလိုလေး ပြန်ရေးထားတာပါ။)

Friday, September 12, 2008

ငှက်ပန်းခြံသို့တစ်ခေါက်

ပြီးခဲ့တဲ့လ တနဂ๎နွေ တစ်ရက်က Jurong Bird Park ကိုသွား ဖြစ်ပါတယ်။ ‘E ticket’ လေး Print သွားလို့ ၀င်ကြေး ၃၀% discount ရတယ်။ အဲဒီနေ့က မိုးအုံ့နေလို့ Bird Park ထဲမှာ လမ်းလျှောက်ရတာ သိပ်မပင်ပန်းဘူး။ စက๎ာပူရောက်တာ နဲနဲကြာပြီလို့ ပြောလို့ရပေမဲ့ နေရာ အတော်များများကို မရောက်ဘူးသေးဘူး။ ဒီ Jurong Bird Park ကလဲ ပထမဆုံး အကြိမ် ရောက်ဖြစ်တာပါ။ ရုံးပိတ်ရက်မှာ ဒီလိုမျိုးလေးတွေ သွားဖြစ်တာ စိတ်အပန်း ပြေသလို ပြင်ပ ဗဟုသုတလဲ ရသားလို့ တွေးမိတယ်။ ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံထဲက တချို့ကို တင်လိုက်ပါတယ်။

ချစ်စရာ ငှက်ကလေးတွေ။


အဲဒီလို ရထားအသေးလေးတွေ စီးပြီး လှည့်ကြည့်ချင်ရင်လဲ ရတယ်။

ငှက်ပြပွဲလေးတစ်ခု။

ချစ်စရာ ငှက်ကလေးတွေ။









ရေတံခွန် နားရောက်တော့ တောတောင်ထဲကိုရောက်သွားသလို ခံစားမိတယ်။

ချစ်စရာ ပင်ဂွင်းငှက်ကလေးတွေ။

Saturday, September 6, 2008

ပြီးခဲ့တဲ့ တနဂ๎နွေနေ့က. . . .

ပြီးခဲ့တဲ့အပတ် တနဂ๎နွေနေ့က တိုပါရိုးဘုန်းတော်ကြီးကျောင်းကို သွားဖြစ်ပါတယ်။
အဲဒီနေ့က မိုးရွာပြီးကာစ ရာသီဥတုကလည်း သာသာယာယာ ရှိပါတယ်။
ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတချို. အမှတ်တရ တင်လိုက်ပါတယ်။


ကျောင်းရှေ့မုခ်ဦး


ဘုန်းတော်ကြီးကျောင်း ပထမထပ်က မြတ်စွာဘုရား ရုပ်ပွားတော်


ဘုန်းတော်ကြီးကျောင်း တတိယထပ်က မြတ်စွာဘုရား မတ်ရပ်ရုပ်ပွားတော်


ဘုန်းတော်ကြီးကျောင်း တတိယထပ် ပြတင်းပေါက်ကနေ လှမ်းမြင်ရတဲ့ ရှုခင်းကိုရိုက်ထားတာပါ။

ဒီအောက်က ပုံတွေကတော့ အရင်တခေါက် သွားတုန်းက ရိုက်ဖြစ်ခဲ့တဲ့ ပုံတချို့ပါ။

ကျောင်းဝင်းထဲက ဗောဓိညောင်ပင်နဲ့ မြတ်စွာဘုရား ရုပ်ပွားတော်


ကျောင်းရှေ့က ခြသေ๎့ကြီး

Saturday, August 9, 2008

Happy Birthday Singapore

ဒီနေ့ Marina Bay မှာ စင်္ကာပူ National Day ကျင်းပတာ သွားကြည့်ဖြစ် ပါတယ်။ စင်္ကာပူ ကို ရောက်ပြီးကတည်းက National Day ကျင်းပတာ ပထမဦးဆုံး အကြိမ် သွားကြည့်ဖြစ်တာပါ။ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတချို. အမှတ်တရ တင်လိုက်ပါတယ်။

စင်္ကာပူ အလံကို ရဟတ်ယာဉ် တွေနဲ. သယ်ဆောင် ပျံသန်းနေစဉ်။

မိုးဖွဲဖွဲအောက်မှာ ကိုယ်တွေလိုပဲ ရပ်ကြည့်နေကြသူတွေ။

Esplanade နားက တံတားပေါ်ကနေ ကြည့်နေကြသူတွေ။

လေကြောင်းပြကွက် တစ်ခုကို ရိုက်ထားတာပါ။

လေယာဉ် နှစ်စီး အသည်းပုံပျံပြအပြီး ကျန်ခဲ့တဲ့ အသည်းပုံ မီးခိုးတန်း။ (ပျံနေတုန်းမှာ မရိုက်လိုက်နိုင်ဘူး၊ ရပ်ကြည့်နေမိလို. :D)

Wednesday, June 18, 2008

ကြဲဖြန့် မေတ္တာ

Internet မှာ လျှောက်ကြည့်ရင်း Mother Teresa (1910 - 1997) ရဲ့ Spread Love ဆိုတဲ့ ကဗျာလေးကိုတွေ့ပါတယ်။
Blog မှာ အ မှတ် တ ရ အ ဖြစ် တင် လိုက် ပါ တယ်။

Spread Love

Spread love everywhere you go:
first of all in your own house.
Give love to your children,
to your wife or husband,
to a next door neighbor . . .
Let no one ever come to you
without leaving better and happier.
Be the living expression of God's kindness;
kindness in your face,
kindness in your eyes,
kindness in your smile,
kindness in your warm greeting.

Mother Teresa

Sunday, June 15, 2008

ဇနီးရဲ့ Diary - ခင်ပွန်းရဲ့ Diary


ဇနီးရဲ့ Diary
တနဂ๎နွေနေ့ ည။
ကျွန်မအထင် သူ့အပြုအမူတွေ ထူးခြားနေတယ်။
အဲဒီညက . . . ကျွန်မတို့ ဆိုင်မှာ ကော်ဖီအတူသောက်ဖို့ ချိန်းထားခဲ့ကြတယ်။
တနေ့ခင်းလုံး ကျွန်မဟာ သူငယ်ချင်းတွေနဲ့ shopping ထွက်ဖြစ်တယ်။
ကျွန်မအထင်တော့ ကျွန်မနဲနဲနောက်ကျတဲ့အတွက် သူ စိတ်သိပ်မကြည်လင်ပုံပဲ။
ဒါပေမဲ့ သူ ဘာမှတ်ချက်မှတော့ မပေးဘူး။

ကျွန်မ နဲ့ သူ စကားစမြည် မပြောဖြစ်ကြဘူး။ အဲဒါနဲ့ ကျွန်မကပဲ တိတ်ဆိတ်တဲ့ တနေရာသွားဖို့ အကြံပြု ဖြစ်တယ်။ အဲလိုဆို စကားပြောဖြစ်မယ် ထင်တယ်။
သူသဘောတူတယ်။ ဒါပေမဲ့ နှုတ်ဆိတ်မြဲ နှုတ်ဆိတ်နေတယ်။
‘ကျွန်မ ဘာမှားသွားလဲဟင်’ မေးကြည့်မိတော့ . . .
‘ဘာမှမမှားပါဘူး’ တဲ့။
‘ကိုကို ကျွန်မကြောင့် စိတ်မကြည်မလင် ဖြစ်နေ တာလား’ အဲလို ကျွန်မ မေးတော့ ကျွန်မကြောင့် မဟုတ်ကြောင်းနဲ့ စိတ်မပူဖို့ သူကဆိုတယ်။

အိမ်အပြန်လမ်းမှာ ကျွန်မ သူ့ကို ချစ်တဲ့အကြောင်း ပြောမိတယ်။
သူက ရိုးရှင်းစွာပဲ ပြုံးပြပြီး ကားဆက်မောင်းနေ ခဲ့တယ်။
သူ့အပြုအမူဟာ ရှင်းမပြတတ်အောင် ပါပဲ။
ဘာ့ကြောင့် သူလဲ ကျွန်မကို ချစ်ပါတယ်လို့ ပြန်မပြောတာပါလဲ။

ကျွန်မတို့ အိမ်ပြန်ရောက်ပြီး ‘သူ့ကိုဆုံးရှုံးရရင်’ ‘သူကျွန်မကို မလိုအပ်တော့ရင်’ ဆိုတဲ့ အတွေးတွေ ဝင်နေခဲ့တယ်။
သူကတော့ TV ထိုင်ကြည့်နေတယ်။
သူ့ကြည့်ရတာ ဝေးကွာနေသလို၊ မရှိသလိုပဲ။
နောက်ဆုံးတော့ ကျွန်မ အိပ်ယာဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။
၁၀မိနစ်လောက် နေတော့ သူလဲ အိပ်ယာဝင် လာတယ်။
ဘယ်လိုမှ မခံမရပ်နိုင်တဲ့အဆုံး ဒီအခြေအနေကို သူနဲ့ရင်ဆိုင်ဖို့ ဆုံဖြတ်လိုက်တဲ့အခါ . . . .
သူက အိပ်မောကျနေခဲ့ပြီ။
ကျွန်မ စတင်ငိုကြွေးမိတယ်။ ငိုရင်း ငိုရင်း . . . ကျွန်မလဲ အိပ်မောကျသွားခဲ့တယ်။
ကျွန်မဘာလုပ်ရမယ် မသိတော့ပါဘူး။ သေချာသလောက်ကတော့ သူ့အတွေးတွေဟာ တစုံတယောက် ဆီမှာ ရောက်နေခဲ့ပါပြီ။

ခင်ပွန်းရဲ့ Diary
ဒီနေ့ Manchester United အသင်းရှုံးတယ်။
တောက် . . . . .


ဇင်ချို - ဘာသာပြန် ရေးဖွဲ့သည်။

Sunday, May 11, 2008

ဓမ္မကဗျာ


မိမိစိတ်တွင် လောဘ၀င်က
ဝင်လာ လောဘ မဖြစ်ရအောင်
လောဘကင်းစင် ဘုရားရှင်ကို
နေ့စဉ်မပြတ် ရှစ်ခိုးမယ်။

မိမိစိတ်တွင် ဒေါသ၀င်က
ဝင်လာ ဒေါသ မဖြစ်ရအောင်
ဒေါသကင်းစင် ဘုရားရှင်ကို
နေ့စဉ်မပြတ် ရှစ်ခိုးမယ်။

မိမိစိတ်တွင် မောဟ၀င်က
ဝင်လာ မောဟ မဖြစ်ရအောင်
မောဟကင်းစင် ဘုရားရှင်ကို
နေ့စဉ်မပြတ် ရှစ်ခိုးမယ်။

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ

Thursday, May 1, 2008

Our Marriage


I PROMISE TO LOVE YOU
HONOUR YOU
COMFORT YOU AND
KEEP YOU IN SICKNESS
AND IN HEALTH
AND BE FAITHFUL TO YOU
SO LONG AS WE BOTH SHALL LIVE



၂၉ရက် ဧပရယ်လ်လ ၂၀၀၈ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကျွန်မတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ အမှတ်တရ အဖြစ် ဒီ post ကိုတင်လိုက်ပါတယ်။

MY LIFE TIME COMMITMENT TO YOU!

Thursday, April 24, 2008

ပြီးခါနီးအချိန်

တခါတော့ ဘုန်းတော်ကြီးတစ်ပါးဟာ နောက်လိုက် ကိုရင်ငယ်တစ်ပါး၊ အသက်အရွယ်ကြီးတဲ့ ရွာသားကြီးတချို့ နဲ့အတူ တောလမ်းခရီးတစ်ခု ထွက်လာခဲ့တယ်။

တနေရာ အရောက်မှာတော့ ရှေ့ဆက်ဖို့ လမ်းပျောက်သွားခဲ့ကြတယ်။ တောက ထူထပ်နေတော့ မြင်ကွင်းက ပိတ်ဆို့နေတယ်။ အဲဒီအခါ သစ်ပင်ခပ်မြင့်မြင့်တပင်ရဲ့ ထိပ်ဖျားပေါ်တက်ပြီး ကြည့်ရင် လမ်းမှန်ကို ပြန်ရှာတွေ့မှာပဲလို့ အကြံရကြတယ်။ ရွာသားကြီးတွေကလဲ အသက်အရွယ်ကြီးသူတွေမို့ ပေါ့ပေါ့ပါးပါး ငယ်ငယ်ရွယ်ရွယ် ကိုရင်လေးကိုပဲ သစ်ပင်တပင်ပေါ် တက်ကြည့်စေရတော့တယ်။

ကိုရင်လေး သစ်ပင်ပေါ် စတက်တော့မယ် ဆိုတာနဲ့ ရွာသားကြီးတွေက စိုးရိမ်ကြတယ်။ သတိထားဖို့ ၀ိုင်းဝန်း သတိပေးကြတယ်။ အဲဒီလိုပဲ နဲနဲအမြင့်ပိုင်းကို ရောက်သွားတော့လဲ အောက်ကနေ သတိထားဖို့၊ ဂရုစိုက်ဖို့ လှမ်းအော်ကြပြန်ရော။ ဆရာတော်ကြီးကတော့ ခပ်မဆိတ်သာနေတယ်။

ဒီလိုနဲ့ ကိုရင်လေးက သစ်ပင်ထိပ်ဖျားကနေ လမ်းမှန်ကို ပြန်ရှာတွေ့သွားတယ်။ ရွာသားကြီးတွေလဲ လမ်းပြန်ရှာတွေ့ပြီ ဆိုတော့ စိတ်လက်ချမ်းသာ သွားကြတာပေါ့။ ကိုရင်လေးလဲ သစ်ပင်ပေါ်ကနေ ပြန်ဆင်းလာတယ်။ သစ်ပင်တ၀က်လောက်ရောက်တော့ ဘုန်းတော်ကြီးက ‘ကိုရင်လေး သတိထားဆင်း၊ ဂရုစိုက်ဆင်းလို့ လှမ်းအော်သတိပေးလိုက်တယ်။ မြေပြင်ပေါ် ရောက်ခါနီးတော့လဲ ကိုရင်လေးကို အောက်ကနေ ဖေးမကူညီပေးပြီး သတိထားဆင်းစေတယ်။ ဒါကိုမြင်တော့ ရွာသားကြီးတွေ တီးတိုးဝေဖန်စကား ဆိုကြတယ်။ ‘ကြည့်ပါဦး၊ တလျှောက်လုံးတော့ စိတ်ပူဖော်မရပဲနဲ့၊ အောက်ရောက်ခါနီးမှ စိတ်ပူနေလိုက်တာ’ စသဖြင့်ပေါ့။ ဘုန်းတော်ကြီးက ဒီအဖြစ်ကို ရိပ်မိတော့ ရွာသားကြီးတွေနဲ့တကွ ကိုရင်လေးကို ဒီလိုရှင်းပြတော်မူတယ်။

ကိုရင်လေး သစ်ပင်ပေါ် တက်တော့မယ်ဆိုတော့ သစ်ပင်အောက်က သူတွေကလဲ သတိပေးကြတယ်။ ကိုရင်လေး ကိုယ်၌ကလည်း သတိထားတယ်။ သိပ်မကျွမ်းကျင်တဲ့ အလုပ်တခုကို စလုပ်ရတော့မှာကိုး။ ဒီလိုပဲ အမြင့်ကို ရောက်သွားတဲ့ အခါမှာလည်း သတိပေးတဲ့ သူတွေကပေးတယ်။ ကိုယ်တိုင်ကလဲ သတိထားတယ်။ အဲ… ရည်ရွယ်ချက် ပြီးမြောက်သွားပြီ ဆိုတော့ စိတ်ကလဲ ပေါ့ပါးပျော်ရွှင် သွားတယ်။ ဒီလိုအချိန်မျိုးမှာ သတိရှိဖို့ အင်မတန် အရေးကြီးတယ်။ သစ်ပင်အောက် ပြန်ရောက်ခါနီး အချိန်မှာ ပိုပြီးတော့တောင် သတိလက်လွတ် ဖြစ်တတ်တယ်။ ဒါကြောင့် ဒီအချိန်မှာ သတိပေးစကား ဆိုရတာ၊ ခရီးပန်းတိုင်ကို ချောချောမွေ့မွေ့ ရောက်ရှိအောင် ဖေးမကူညီရတာပါ … တဲ့။

ဆိုလိုရင်းကတော့ … အလုပ်တစ်ခု ပြီးမြောက်တော့မဲ့ အချိန်မျိုး၊ ရည်ရွယ်ချက်တခု အောင်မြင်တော့မဲ့ အချိန်မျိုးမှာ သတိထားဖို့၊ ၀ီရိယရှိဖို့ ပိုပြီးလိုအပ်ပါတယ်။ ဒီအချိန်မျိုးက တကယ့်ကို အရေးကြီးပါတယ်။

Tuesday, April 22, 2008

Take Me To Your Heart

Hiding from the rain and snow
Trying to forget but I won't let go
Looking at a crowded street
Listening to my own heart beat

So many people all around the world
Tell me where do I find someone like you girl

(Chorus)
Take me to your heart take me to your soul
Give me your hand before I'm old
Show me what love is - haven't got a clue
Show me that wonders can be true

They say nothing lasts forever
We're only here today
Love is now or never
Bring me far away

Take me to your heart take me to your soul
Give me your hand and hold me
Show me what love is - be my guiding star
It's easy take me to your heart

Standing on a mountain high
Looking at the moon through a clear blue sky
I should go and see some friends
But they don't really comprehend

Don't need too much talking without saying anything
All I need is someone who makes me wanna sing
(Chorus)

နှစ် သက် မိ တဲ့ သီ ချင်း လေး တစ် ပုဒ် ပါ။

Tile :Michael Learns To Rock - Take Me To Your Heart
This is lyrics from www.lyrics007.com
(Music:Jacky Zhang/Words: Jascha Richter)


Take Me To Your Heart -> http://x.imeem.com/p18GGTaT3g

Saturday, April 19, 2008

ကော်ဖီ သို့မဟုတ် ဘဝ



တခါတော့ ကျောင်းသားဟောင်း တစုဟာ သူ တို့ ရဲ့ တက္ကသိုလ် နည်းပြဆရာဟောင်း တစ်ဦးထံ အလည်အပတ် သွားခဲ့ကြ တယ်။

သူတို့ဟာ လုပ်ငန်းခွင်ထဲ ၀င်ကာစ၊ အလုပ်အကိုင် ကြီးကြီးမားမား တွေမှာ စတင်လုပ်ကိုင်ကာစ သူတွေပါ။ စကားဝိုင်းဖွဲ့ ပြောပြီး မကြာခင်မှာပဲ စကားလမ်းကြောင်း ဟာ အလုပ်နဲ့ ဘ၀ထဲက ဖိအားတွေအကြောင်း ရောက်သွားခဲ့တယ်။ နောက် မကျေမနပ် ညည်းညူ ကြတယ်။

နည်းပြဆရာက သူ့ရဲ့ တပည့်ဟောင်းတွေကို ကော်ဖီနဲ့ ဧည့်ခံဖို့ ပြင်ဆင်တယ်။ သူက မီးဖိုထဲ ၀င်သွားပြီး အတော်လေးကြီးတဲ့ ကော်ဖီခရားတစ်ခု ရယ်၊ ကော်ဖီသောက်ဖို့ ခွက်တွေရယ် ကို သယ်ထုတ်လာတယ်။

ခွက်တွေက မျိုးစုံပဲ။ တရုတ် ကြွေထည်ခွက်၊ ပလတ်စတစ်ခွက်၊ ဖန်ခွက် ။ တချို့ခွက်ကတော့ ခပ်ရိုးရိုး၊ တချို့ကတော့ ဈေးကြီးပုံရတဲ့ ခွက်တွေ၊ တချို့က လှလှပပလေးတွေ မျိုးစုံပဲ။ နောက် သူ့တပည့်တွေကို ကိုယ်တိုင်ပဲ ကော်ဖီပူပူကို ငှဲ့သောက်ကြဖို့ ပြောလိုက်တယ်။

ကျောင်းသားဟောင်းတွေ ကော်ဖီခွက် ကိုယ်စီနဲ့ ဖြစ်သွားတော့ နည်းပြက 'သတိထားကြည့်စမ်း။ အားလုံးက ကြည့်လို့ကောင်းတဲ့၊ ဈေးကြီးတဲ့ ခွက်တွေကို ရွေးယူကြတယ်။ ခပ်ရိုးရိုး ခပ်ပေါပေါ ခွက်တွေကိုတော့ ချန်ထားကြတယ်။' ဒါဟာ သဘာဝပါ။ ကိုယ့်အတွက်ကို "အကောင်းဆုံး" ဆိုတာကိုပဲ လိုချင်ကြတယ် မဟုတ်လား တဲ့။
စိတ်ဖိအားတွေ ပြဿနာတွေရဲ့ အဓိက အကြောင်းရင်းခံက ဒါပဲ။ အားလုံး တကယ်တမ်း လိုချင်ခဲ့တာက ကော်ဖီပါ။ ခွက်မဟုတ် ပါဘူး။ ဒါပေမဲ့ အလိုလိုပဲ ပိုကောင်းတဲ့ခွက်ဖက်ကို အာရုံရောက် သွားကြတယ်။ အချင်းချင်းရဲ့ ခွက်တွေကိုလဲ အမှတ်တမဲ့ အာရုံစိုက်ကြတယ်။

ဘ၀ဆိုတာ ကော်ဖီဆိုရင် အလုပ်အကိုင်၊ ငွေကြေး နဲ့ ရာထူးနေရာတို့ဟာ ကော်ဖီခွက်ပါ။ ကော်ဖီခွက် ဆိုတာ ကော်ဖီထည့်သောက်ဖို့ အရာတစ်ခုပါ။ ခွက်ဟာ ကော်ဖီရဲ့ အရသာကို မပြောင်းလဲစေနိုင်ပါဘူး။ ဘ၀ရဲ့ အနှစ်သာရဟာ ကော်ဖီလိုပါပဲ။ တခါတရံမှာ ခွက်ကို အလေးပေးရင်းနဲ့ ခွက်ထဲက ကော်ဖီရဲ့ အရသာကို ခံစားဖို့ မေ့လျော့မိ တတ်တယ်။

ခွက်ရဲ့ လွမ်းမိုးမှုကို မခံပါနဲ့။ ခွက်ထဲက ကော်ဖီကို အလေးပေးပါ။

ဇင်ချို - ဘာသာပြန် ရေးဖွဲ့သည်။

Saturday, April 12, 2008

တစ် ရက် တ ရား ထိုင်




လွန် ခဲ့ တဲ့ တစ် လ လောက် က ဓမ္မ အစ် မ ကြီး တစ် ယောက် ဆီ က တစ် ရက် တရား စ ခမ်း တွေ လ တိုင်း ရှိ မဲ့ information ရ ပါ တယ်။

2008 ခု နှစ် March လ က စ လို့ လ တိုင်း ရဲ့ နောက် ဆုံး တ န င်္ဂ နွေ နေ့ တွေ မှာ တစ် ရက် စ ခမ်း တွေ ရှိ သွား မယ် လို့ သိ ရ ပါ တယ်။

ပြ က္ခ ဒိန် လ တွေ ထဲ က စုံ ကိန်း ကျ တဲ့ လ တွေ ဥ ပ မာ (Feb, April, June, ....) လ တွေ မှာ English/Myanmar နှစ် ဘာ သာ နဲ့ တရား instruction ပေး မဲ့ တစ် ရက် စ ခမ်း များ ရှိ မှာ ပါ ။

အ လား တူ ပဲ မ ကိန်း ကျ တဲ့ လ တွေ ဥ ပ မာ ( Jan, Mar, May, ....) လ တွေ မှာ English/Mandarin နှစ် ဘာ သာ နဲ့ တရား instruction ပေး မဲ့ တစ် ရက် စ ခမ်း များ ရှိ မှာ ပါ ။

ဒီ တစ် ရက် စ ခမ်း တွေ ဟာ ဆ ရာကြီး ဦး ဂို အင် ကာ ရဲ့ ၁၀ ရက် တရား စ ခမ်း အား ထုတ် ပြီး တဲ့ ယော ဂီ ဟောင်း တွေ အ တွက် ဖြစ် ပါ တယ်။
တစ် ရက် စ ခမ်း မ ရှိ တဲ့ တ န င်္ဂ နွေ နေ့ တွေ မှာ Sunday စု ပေါင်း တ ရား ထိုင် ဆက် လက် ရှိ သွား မှာ ဖြစ် ပါ တယ်။

စု ပေါင်း တ ရား ထိုင်
မ နက် ၁၀ နာ ရီ မှ ၁၁ နာ ရီ English/Burmese တ နာ ရီ စု ပေါင်း တ ရား ထိုင်
မ နက် ၁၁ နာ ရီ မှ ၁၂ နာ ရီ English/Mandarin တ နာ ရီ စု ပေါင်း တ ရား ထိုင်

တရား စ ခမ်း (UBI Center) address ကို Dhamma ပိုစ့် မှာ ကြည့်ရှု နိုင် ပါ တယ်။

ဘ၀ တု သ ဗ္ဗ မ င်္ဂ လံ - ခပ် သိမ်း ကုန် သော မ င်္ဂ လာ သည် ဖြစ် ပါ စေ သ တည်း ။