Wednesday, April 29, 2009

Anniversary အမှတ်တရ (29 Apr 09)

ချစ်သူရေ
တနှစ်ဆိုတဲ့ ကာလဟာ
မျက်စိ တမှိတ် လား၊ လျှပ်တပြက် လား
ဘယ်လိုပဲ တင်စား တင်စား
သေချာတာ တခုကတော့
ကျွန်မတို့ နှစ်ယောက်ရဲ့ မေတ္တာတရား
ပိုပြီး ကြီးထွား လာတယ်။
သံယောဇဉ်တွေ နွယ်ယှက်လို့
နားလည်မှုတွေလည်း တိုးတက်ခဲ့ရဲ့။

ဖြတ်သန်းရမဲ့ ဘ၀ခရီးလမ်းမှာ
ဘယ်လို လောကဓံတွေ ကြုံမလဲ
မတုန်မလှုပ် ပါပဲလို့ မဆိုလိုပါ
(လူသားတွေလေ . . . )
ယိုင်တဲ့အခါလဲ ရှိရဲ့
မခိုင်တဲ့ အခါတွေလဲ ရှိပေမဲ့
သေချာတာ တခုကတော့
ကျွန်မတို့ နှစ်ယောက်ဟာ တယောက်စီ မဟုတ်။
ကိုင်းကိုကျွန်းမှီ ကျွန်းကိုကိုင်းမှီ လို့
ချစ်သူရေ
ပန်းတိုင်အရောက် တို့ဆက်လျှောက်ကြမယ်။

1 comment:

Ko Ko said...

After one year, we have another one to join with us in our life. I always love you. Our family live together until end of our live. We'll never apart. :))