ဒီမနက် အိပ်ယာက နိုးတော့ အပြင်မှာ မိုးတွေရွာနေတာ သတိပြုမိတယ်။
အရင်ရက်တွေက ပူအိုက်နေတဲ့ ရာသီဥတုလဲ အခုတော့ အေးချမ်းလို့။
ဒီလိုမနက်ခင်းမျိုးမှာ အိပ်ယာက စောစောစီးစီးထပြီး အလုပ်သွားရမယ်တဲ့။
ဘာကိုလဲ မရေမရာနဲ့ စိတ်နာမိတယ်။
အကယ်၍ အလုပ်သွားစရာ မလိုဘူး ဆိုရင်ကော . . .
ပျော်နိုင်မှာတဲ့လား . . .
အင်း. . စဉ်းစားစရာပဲ။
အဲလိုသာ ဆိုရင်တော့ အလုပ်လက်မဲ့ ကိုယ့်ကိုယ်ကို အားမလိုအားမရနဲ့ စိတ်ဓာတ်ကျကောင်း ကျနေနိုင်တယ်။
တကယ်တော့ အလုပ်ရှိနေတာ မင်္ဂလာတပါး ပါပဲလေ။
အင်း . . ထပြီး မျက်နှာသစ်မှ၊ သွားတိုက်မှ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment