ကျွန်မတို့ရုံးက မနက် ၈:၀၀ နာရီ တက်ပါတယ်။ ရုံးတက်တာနဲ့ တန်းအလုပ်လုပ်ရရောလား ဆိုတော့ အဲလို မဟုတ်ဘူး။ သွေးပူလေ့ကျင့်ခန်း ၅မိနစ်လောက် လုပ်ဖို့ ၁ ၂ ၃ ၄ … တိုင်ပေးတာ လာပါတယ်။ လိုက်လုပ်တာ မလုပ်တာက ကိုယ့်အပိုင်းပေါ့။ ပြီးတော့ ရုံးရဲ့ သီချင်း လာပါတယ်။ အဲဒီအချိန်မှာတော့ အားလုံး မတ်တပ် ရပ်နေရတယ်။ ပြီးရင် ကျွန်မတို့ department မှာ မနက်ခင်း speech ပြောတဲ့ အစီအစဉ် ရှိပါတယ်။ အလှည့်ကျ ပြောရတယ်။ ပြောဖို့ အလှည့်ကျ တဲ့သူက Mic ထားတဲ့ နားကိုသွား၊ ရုံးရဲ့ principle တွေကို တိုင်ပေးတော့ ကျန်တဲ့ သူတွေက လိုက်ဆို၊ ပြီးရင် ကိုယ်ပြောချင်တဲ့ အကြောင်းလေး ခဏပြောရပါတယ်။ အဲဒါက ရုံးရဲ့ culture ပဲ ဆိုပါတော့။
တချို့တွေ ပြောတာ တော်တော် နားထောင်လို့ ကောင်းပါတယ်။ တချို့ ပြောတာကတော့ သာမန်ပါပဲ။ အဲ တချို့ကျတော့ တိုးတိုး တိုးတိုး နဲ့ ဘာပြောလိုက် မှန်းမသိ ပြီးသွားတာ မျိုးလဲ ရှိတယ်။ ကိုယ်သေချာ နားမထောင် မိတာမျိုးလဲ ပါတာပေါ့။
ပြောကြတာတွေ ကတော့ အစုံပဲ။ Global warming အကြောင်း၊ eco idea အကြောင်း၊ သွားခဲ့ ဖူးတဲ့ ခရီး အကြောင်း၊ နောက် ရီစရာလေးတွေ ပြောတာ မျိုးလဲ ရှိတယ်။ ကျန်းမာရေး အတွက် သစ်သီး စားသင့်ကြောင်း ရော၊ ဂျို့ထိုးတဲ့ အခါ ရေနွေးနွေးလေး သောက်သင့်ကြောင်း လဲ ပါရဲ့။ အိပ်ရေး၀၀ အိပ်သင့်ကြောင်း၊ အားကစား လိုက်စား သင့်ကြောင်း တွေအပြင် ကမ္ဘာပေါ်မှာ လူအများဆုံး ပြောကြတဲ့ ဘာသာစကားတွေ အကြောင်းလဲ ပြောကြတယ်။
သူများ ပြောအလှည့်မှာ နားထောင်ရတာ အေးအေးဆေးဆေး ရှိသလောက် ကိုယ်ပြောဖို့ အလှည့် ရောက်ခါနီးရင် မအေးဆေး နိုင်ပါဘူး။ ပြောစရာ ရှာရပါတယ်။ အများရှေ့မှာ ထွက်ပြောရမှာ ဆိုတော့ ရှောရှောရှုရှု ရှိအောင် ပြောလဲ ကျင့်ရပါတယ်။
အခုလဲ ရာသီစက်ဝန်း တပတ်လည်သလို ကျွန်မ ပြောရမဲ့ အလှည့် ရောက်ဖို့ နီးလာခဲ့ ပြန်ပါပြီ။ Internet ထဲမှာ ပြောဖို့ အကြောင်းလေး ရှာရင်း အမှတ်တရ အနေနဲ့ ဒီ post ကို ရေးလိုက်ပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment